မြန်မာနိုင်ငံတွင် ကမ္ဘာ့ကပ်ရောဂါ ကိုဗစ်နိုင်တင်း ရိုက်ခတ်မှု တစ်နှစ်နီးပါးကြာမြင့်လာသည့်အချိန်တွင် ကပ်ရောဂါသက်ရောက်မှုကြောင့် ခရီးသွားလုပ်ငန်း၊ လက်ခစားအထည်ချုပ်လုပ်ငန်းများ ကြီးကြီးမားမား ထိခိုက်ခဲ့ပြီး အခြားအသေးစား၊ အလတ်စားစီးပွါးရေးလုပ်ငန်းများလည်း ထိခိုက်မှုရှိသဖြင့် မြန်မာ့စီးပွါးရေးအခြေအနေသည် အထူးကြပ်မတ်ဆောင် ICU ထဲ ရောက်နေပြီဖြစ်ကြောင်း နိုင်ငံသားစီးပွားရေးလုပ်ငန်းရှင်အချို့က သုံးသပ်ကြသည်။ ကမ္ဘာဘဏ်၏ မြန်မာ့စီးပွားရေးစောင့်ကြည့်အစီရင်ခံစာအရ မြန်မာ့စီးပွားရေးသည် ကိုဗစ်နိုင်တင်းကြောင့် ထိခိုက်မှုရှိသော်လည်း အခြားနိုင်ငံများနှင့်ယှဉ်ရင် အခြေအနေထိန်းထားနိုင်သေးပြီး ၂၀၁၉−၂၀၂၀ ဘဏ္ဍာနှစ်အတွက် ၁ ဒဿမ ၇ ရာခိုင်နှုန်း တိုးတက်မည်ဟု ခန့်မှန်းထားပါသည်။

သတင်းနှင့်ရိုက်ကူး - နိုင်လင်းအောင်၊ ဖြိုးထက်အောင်/Myanmar Now