ရန်ကုန်တိုင်းဒေသကြီး တွံတေးမြို့နယ် လှိုင်သာယာ-မအူပင်ကားလမ်းနဘေးတွင် တည်ဆောက်ထားသည့် ရွှေနဂါးဓာတ်မြေဩဇာစက်ရုံလည်ပတ်ရာမှ ထွက်လာသည့်အမှုန်များကြောင့် စက်ရုံအနီးနားပတ်ဝန်းကျင်ရှိ ကန်ပတ်ရိုးကျေးရွာနှင့် ထန်းတပင်ရွာသစ်ကျေးရွာများတွင် သောက်သုံးရေနှင့် လေထုညစ်ညမ်းမှုများ ဖြစ်ပေါ်သဖြင့် စက်ရုံပိတ်သိမ်းရန် ဒေသခံများမှ တောင်းဆိုနေကြပြီး စက်ရုံတာဝန်ရှိသူများ၊ အာဏာပိုင်များနှင့် တွေ့ဆုံညှိနှိုင်းဆွေးနွေးမှုများ ပြေလည်မှုမရရှိသေးပါ။ ရွှေနဂါးဓာတ်မြေဩဇာစက်ရုံကို သိုလှောင်ရုံဆောက်လုပ်ဖို့အတွက်သာ EIA စစ်ဆေးမှုခံယူထားတာဖြစ်ပြီး စက်ရုံတည်ဆောက်ပြီးစတွင် ဓာတ်မြေဩဇာသိုလှောင်ရုံအဖြစ်အသုံးပြုခဲ့သော်လည်း နောက်ပိုင်းတွင် ဓာတ်မြေဩဇာထုတ်လုပ်လာသောကြောင့် ရေထု၊လေထု ညစ်ညမ်းမှုတွေ ဖြစ်ပေါ်လာခဲ့သဖြင့် ပတ်ဝန်းကျင်ဒေသခံများမှ ကန့်ကွက်မှုများ ဖြစ်ပေါ်ခဲ့ခြင်းဖြစ်သည်။
သတင်းနှင့်ရိုက်ကူး - ကေဇွန်နွေး/Myanmar Now



