အောင်ဘာလေထီကျပ်သိန်းတစ်သောင်းခွဲထီ ပထမဆုံးဆုရှင်၊ နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ်မှ အေးမေတ္တာစံပရဟိတ တောင်နီလေးကျောင်းတိုက် ဆရာတော် ဦးစန္ဒိမာကို မုဒိမ်းမှုပုဒ်မ ၃၇၆ဖြင့် ယမန်နေ့ မွန်းလွဲပိုင်းတွင် ပုဗ္ဗသီရိမြို့နယ်၊ ထုံးဘိုရဲစခန်းက အမှုလက်ခံဖွင့်လှစ်ထားသည်။ အာမခံမရသည့် ပုဒ်မဖြင့် အမှုဖွင့်ထားသည်မှာ ၂၄ နာရီခန့်ရှိပြီဖြစ်သည်အထိ ဖမ်းဆီးနိုင်ခြင်းမရှိ သေးသော်လည်း ဥပဒေလုပ်ထုံးလုပ်နည်းများအရ ဆက်လက်ဆောင်ရွက်သွားမည်ဟု ထုံးဘိုရဲစခန်းမှူးက ယနေ့နေ့လည် ၁နာရီခန့်တွင် Myanmar Now ကို ပြောသည်။ တရားလိုမှာ အဆိုပါ ပရဟိတကျောင်းတွင် ဂျပန်စာသင်ပေးနေသည့် အသက် ၃၀ကျော် အရွယ် အမျိုးသမီးတစ်ဦးဖြစ်ပြီး တိုးတိုးတိတ်တိတ်အရှက်ကွဲရမည့် မိန်းကလေးများထပ်မံမပေါ်ပေါက်စေရန် ရည်ရွယ်ကြောင်း၊ ငွေကြေးရလိုမှုကြောင့် တိုင်တန်းခြင်းမဟုတ်ကြောင်း ပြောထားသည်။
သတင်းနှင့်ရိုက်ကူး- မင်းမင်း၊ ဉာဏ်လှိုင်လင်း/Myanmar Now



