ဒလမြို့တွင် နေထိုင်သူများသည် ရေးရှားပါးပြတ်လတ်မှုကြောင့် သောက်သုံးရေအခက်အခဲကို နှစ်စဉ်ကြုံတွေ့နေရသည်။ စည်ပင်ရေပေးဝေမှု၊ ရေသန့်စက်များတည်ဆောက်ပေးမှုများမှ ရေပြဿာနာ တစိတ်တပိုင်းကို ဖြေရှင်းနိုင်သော်လည်း ဒလမြို့၏ ရေလိုအပ်ချက်ရှိနေသည့် အိမ်ထောင်စုပေါင်း တစ်သောင်းလေးထောင်ကျော်ရှိထဲမှ ၁၇% ခန့်သာ အစိုးရမှ ရေပေးဝေနိုင်ပြီး အများစုကို ကန်ရေများမှ ရယူသုံးနေကြရသည်။ ထို့ကြောင့် ရေအခက်အခဲကို နှစ်ပေါင်းများစွာ ကြုံတွေနေရသည့် ဒလမြို့အတွက် ရေလုံလောက်စွာရရှိမှုအပြင် သန့်ရှင်းသည့်ရေ ရရှိနိုင်ရန်အတွက် ဦးစားပေးလုပ်ဆောင်ရန် လိုအပ်နေပြီး လူအများစုမှီခိုနေအားထားနေရသည့် ကန်ရေများ၏ ရေအရည်အသွေးထိန်းသိမ်းမှုကိုလည်း အာရုံစိုက်ပြီး ပိုမိုလုပ်ဆောင်ရန် လိုအပ်နေသည်။
သတင်းနှင့်ရိုက်ကူး - ရတု/Myanmar Now



