နာမည်ဆိုးဖြင့် ကျော်ကြားခဲ့သော အမျိုးဘာသာ၊ သာသနာစောင့်ရှောက်ရေးအဖွဲ့ မဘသ ကို ၂၀၁၇ ခုနှစ်အတွင်း ဖျက်သိမ်းခဲ့သည်။ မဘသအဖွဲ့ကို ဖျက်သိမ်းခဲ့ရသည့် အခြေအနေများအပေါ် အဆိုပါ အရေးကိစ္စများကို ဦးဆောင်စီမံခန့်ခွဲခဲ့ရသူ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီး သူရဦးအောင်ကိုအား ဒီဇင်ဘာ ၃၀တွင် Myanmar Now က တွေ့ဆုံမေးမြန်းထားပါသည်။ လက်ရှိတွင် ဗုဒ္ဓဘာသာကလျာဏယုဝအသင်း(YMBA)၏ လှုပ်ရှားဆောင်ရွက်မှုများကိုလည်း အနီးကပ်စောင့်ကြည့်နေပြီး နိုင်ငံရေးအကျိုးအမြတ် သို့မဟုတ် ဦးတည်ချက်တစ်ခုခု ပြောင်းသွားမည်ဆိုပါက မဘသအဖွဲ့နင့်အလားတူပင် YMBA လည်း ချုပ်ငြိမ်းသွားမည်ဖြစ်သည်ဟု သူရဦးအောင်ကိုက ဆိုသည်။

ရိုက်ကူးမေးမြန်း - ဉာဏ်လှိုင်လင်း၊ မင်းမင်း/Myanmar Now