မြန်မာနိုင်ငံတွင် လွန်ခဲ့တဲ့ ကိုးလကစတင်ပြီး ကိုဗစ်နိုင်တင်းရောဂါဖြစ်ပွားခဲ့ကာ ကိုဗစ်ကာလ တာရှည်လာတာနှင့် အမျှ ကဏ္ဍပေါင်းစုံတွင်လည်း အခက်အခဲများဖြင့် ရင်ဆိုင်နေရပါပြီး အဆိုးဆုံးက ကိုဗစ်ရောဂါတိုက်ဖျက်ရေးတွင် အဓိကဆောင်ရွက်နေကြရသည့် ကျန်းမာရေးဝန်ထမ်းနှင့် စေတနာ့ဝန်ထမ်းများ ခြေကုန်လက်ပန်းကျ ပင်ပန်းလာ ကြခြင်း ဖြစ်သည်။ ဆက်လက်မြင့်မားနေဆဲ့ကူးစက်မှုများ ကျန်းမာရေးဝန်ထမ်းနှင့် စေတနာ့ဝန်ထမ်းများ၏ ခြေကုန်လက်ပန်းကျမှု များကြား ရောဂါကူးစက်မှုအခြေအနေများ ပိုမိုမဆိုးဝါးမလာစေရန် ပြည်သူများအနေဖြင့် ညွှန်ကြားထားသည့် ကျန်းမာရေးလမ်းညွှန် ချက်များကို လိုက်နာကြရန် ကျန်းမာရေးဝန်ထမ်းများမှ တိုက်တွန်းပြောကြားကြပါသည်။
သတင်းနှင့်ရိုက်ကူး - ဖြိုးထက်အောင်/Myanmar Now



