နိုင်ငံသားတိုင်းစစ်မှုထမ်းရမည့်ကိစ္စကို အနာဂါတ်တွင် ဆောင်ရွက်ရမည့် လုပ်ငန်းအဖြစ် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ကြိုတင်အသိပေးထားခြင်းဖြစ်သည်ဟု ဒီဇင်ဘာ ၃၀ ရက်နေ့က နေပြည်တော်တွင်ပြုလုပ်ခဲ့သည့် တပ်မတော်သတင်းစာရှင်းလင်းပွဲတွင် ပြောဆိုလိုက်သည်။ စစ်မှုမထမ်းမနေရစနစ်ကျင့်သုံးမည်ဆိုပါက ပြည်တွင်းလက်နက်ကိုင်ပဋိပက္ခ၊ ကာကွယ်ရေးအသုံးစားရိတ်နှင့် နိုင်ငံကို ခြိမ်းခြောက်နေမှုများ မည်မျှရှိသလဲစသည့် အချက်(၃)ချက်အပေါ်တွင် မူတည်စဉ်းစားသင့်ကြောင်း တကောင်းနိုင်ငံရေးလေ့လာမှုအဖွဲ့၏ အမှုဆောင်ဒါရိုက်တာမှ ဆိုသည်။
သတင်းနှင့်ရိုက်ကူး - ဖြိုးထက်အောင်၊ မင်းမင်း/Myanmar Now



