ဒဂုံဆိပ်ကမ်းက ကျူးကျော်တဲလေးတစ်ခုထဲတွင် အိမ်ထောင်စု ၄ စုမှ ကလေးငယ် ၁၄ ယောက် အပါဝင် မိသားစုအယောက် ၂၀ နေထိုင်ကြပြီး ပန်းရောင်း၊ ပလုံကောက် စသည့် ကြုံရာလုပ်သားဘဝဖြင့် အသက်ဆက်နေကြရပြီး ပုံမှန်အခြေအနေမှာတောင် ဒုက္ခများစွာကြုံတွေ့နေကြရသည့် ၎င်းတို့ဘဝသည် ကိုဗစ်နိုင်တင်းရောဂါ ကပ်ဘေးကြောင့် ဘူးလေးရာဖရုံဆင့် ဖြစ်ခဲ့ကြရသည်။ အငတ်ဘေးကို ကျော်ဖြတ်နိုင်ဖို့ အတတ်နိုင်ဆုံးကြိုးစားနေချိန် လက်ရှိနေထိုင်ကြသည့် ကျူးကျော်တဲကိုလည်း နှစ်ကုန်လျှင် ဖျက်ပေးရမည်ဟု သတင်းတွေကြားနေရသဖြင့် သူတို့ရဲ့ဘဝ အနာဂတ်ကို သူတို့ကိုယ်တိုင် မသိနိုင်တော့ဟု ဆိုသည်။

သတင်းနှင့်ရိုက်ကူး - အာကာစိုး/Myanmar Now

အာကာစိုးသည် Myanmar Nowသတင်းဌာန၏ ရုပ်သံသတင်းထောက်ဖြစ်သည်။