ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS/SSA နှင့် တအာင်းအမျိုးသားလွတ်မြောက်ရေးတပ် TNLA တို့ဖြစ်ပွါးနေသည့် တိုက်ပွဲများကြောင့် တိုက်ပွဲရှောင်ဦးရေ ၆၀၀ ကျော်အထိရှိလာပြီး ကျောက်မဲမြို့ပေါ်ရှိ ဝါဆိုဘုန်းတော်ကြီးကျောင်း၊ မန်ကောင်မူစာသင်ကျောင်းနှင့် သန္တီသုခဓမ္မာရုံများ၌ ခိုလှုံနေကြရသည်။ လက်ရှိဖြစ်ပွါးနေသည့် တိုက်ပွဲများသည် တိုင်းရင်းသားလက်နက်ကိုင်အချင်းချင်းဖြစ်သည့် တိုက်ပွဲများဖြစ်ပြီး ဒေသခံ ပြည်သူလူထုသာ နှစ်နာသောကြောင့် လက်နက်ဖြင့် မဖြေရှင်းပဲ အချင်းချင်း ညှိနှိုင်းဆွေးနွေးကြရန် ဒေသခံများက မျော်လင့်နေကြသည်။

သတင်းနှင့်ရိုက်ကူး - မြတ်မိုးသူ/Myanmar Now