ဒီဇင်ဘာ ၂၈ ရက်နေ့ နေ့လယ်ပိုင် မိုက်ကယ်ကျော်မြင့်ပါတီဖြစ်သည့် အခြေခံလူတန်းစားဘဝ မြင့်မားရေးပါတီမှ ဦးဆောင်ပြီး လူရာနှင့်ချီပါဝင်ကာ အောင်ဆန်းအားကစားကွင်းမှ ဆူးလေဘုရားလမ်းအတိုင်း လမ်းလျှောက်ပြီး ရန်ကုန်မြို့တော်ခန်းမရှေ့အထိ ချီတက်ခဲ့ကြကာ တပ်မတော်ထောက်ခံကြောင်းနှင့် ရွေးကောက်ပွဲကော်မရှင်ကို ကန့်ကွက်ကြောင်း ဆန္ဒထုတ်ဖေါ်ခဲ့ကြသည်။ ကိုဗစ်ကာလမှာ လူဦးရေ ရာဂဏန်းပါဝင်တဲ့ ဒီဆန္ဒပြပွဲနဲ့ပတ်သက်ပြီး ငြိမ်းစုစီဥပဒေနဲ့ သဘာဝဘေးအန္တရာယ်ဥပဒေကို ချိုးဖေါက်ရာရောက်ကြောင်း တရားလွှတ်တော်ရှေ့နေ ဦးကြီးမြင့်က သုံးသပ်ပြောဆိုခဲ့သလို ကျောက်တံတားမြို့နယ် အုပ်ချုပ်ရေးမှူးကလည်း ဆန္ဒပြပွဲအတွက် လူဦးရေ ၂၉ သာ ခွင့်ပြုခဲ့တာကြောင့် ၎င်းကိစ္စကို တိုင်းဒေသကြီး အစိုးရအဖွဲ့ထံ ဆက်လက်တင်ပြသွားမည်ဟု ပြောဆိုခဲ့ပါသည်။
သတင်းနှင့်ရိုက်ကူး - ဇေယျာမော်၊ ဖြိုးထက်အောင်/Myanmar Now



