ရန်ကုန်တိုင်း သာကေတမြို့နယ်ရှိ နိုင်ငံပိုင်မြေပေါ်တွင် ပြည်ခိုင်ဖြိုးပါတီမှ အငှားချထားသည့် ဆိုင်ခန်းများကို မြို့နယ်စည်ပင်က လိုင်စင်သက်တမ်းတိုးခွင့် ရပ်ဆိုင်းလိုက်သည်။ အဆိုပါဆိုင်ခန်းများကို ပြည်ခိုင်ဖြိုးအသင်းစတင်ထူထောင်ပြီးကတည်းက အငှားချထားပြီး ဝင်ငွေရရှိနေသော်လည်း ဆိုင်ခန်းမြေနေရာ ပိုင်ဆိုင်မှုနှင့် ပတ်သက်ပြီး ပြည်ခိုင်ဖြိုးပါတီဖက်မှ အထောက်အထားမပြနိုင်သောကြောင့် လိုင်စင်သက်တမ်းတိုးခွင့် ရပ်ဆိုင်းလိုက်ကြောင်း သာကေတမြို့နယ် စည်ပင်သာယာရေးကော်မတီမှ သိရသည်။

သတင်းနှင့်ရိုက်ကူး - ဇော်ရဲသွေး၊ အာကာစိုး/Myanmar Now

 

 

အာကာစိုးသည် Myanmar Nowသတင်းဌာန၏ ရုပ်သံသတင်းထောက်ဖြစ်သည်။