မြောက်ဦးမြို့မှ ကားဖြင့် ၁၅ မိနစ်ခန့်သာသွားရသည့် လက္ကာရွာသည် ပြီးခဲ့သည့် မေလ ၁၆ ရက်နေ့က မီးရှို့ခံလိုက်ရပြီး အိမ်ခြေ ၃၀၀ ကျော်အနက် အိမ်ကြီး အိမ်ကောင်း ၂၀၀ ကျော် မီးလောင်ဆုံးရှုံးသွားခဲ့ပါသည်။ ယခုအချိန်တွင် လက္ကာရွာသားများသည် ပျက်စီးဆုံးရှုံးသွားသည့် နေအိမ်များကို အရင်လို အိမ်ကြီးအိမ်ကောင်းများ ပြန်မဆောက်နိုင်တော့ဘဲ လက်ရှိနေရာတွင် တဲအိမ်များ ဆောက်လုပ်ပြီး နေထိုင်နိုင်ရန်အတွက် တိုက်ပွဲများ အမြန်ဆုံးရပ်တန့်ရန် လိုလားနေကြပါသည်။

သတင်းနှင့်ရိုက်ကူး - ဖဒူထွန်းအောင်၊ သန့်မြတ်ခိုင်၊ ဇေယျာမော်/Myanmar Now

ZYM သည် Myanmar Nowသတင်းဌာန၏ ရုပ်သံသတင်းထောက်ဖြစ်သည်။