လှိုင်သာယာစက်မှုဇုံတွင် အနယ်နယ်အရပ်ရပ်မှ လာရောက်လုပ်ကိုင်ကြသည့် အလုပ်သမားများသည် စက်ရုံအလုပ်သမားများတွင် ကိုဗစ်နိုင်တင်းရောဂါ ကူးစက်ခံရမှုများရှိသော်လည်း ကျန်းမာရေးထက် ဝမ်းရေးဖြေရှင်းရန် ပိုမိုအရေးကြီးသောကြောင့် မဖြစ်မနေအလုပ်လုပ်နေကြရသည်။ စက်ရုံအလုပ်ရုံတချို့မှ အလုပ်သမားများ ရောဂါကူးစက်ခံရမှုများရှိသော်လည်း ပိုးတွေ့ရှိသူအလုပ်လုပ်သည့် နေရာကိုသာ ပိတ်ထားပြီး စက်ရုံကို ဆက်လက်လည်ပတ်ခွင့်ပေးထားပါသည်။

သတင်းနှင့်ရိုက်ကူး - ကေဇွန်နွေး/Myanmar Now