မြန်မာနိုင်ငံတွင် မြေမြှုပ်မိုင်းကြောင့် တစ်နေ့လျှင် တစ်ယောက်နှုန်း အရပ်သားများ သေဆုံး သို့မဟုတ် ဒဏ်ရာရရှိပြီး၂၀၁၉ တစ်နှစ်အတွင်း ၈၉ ဦး သေဆုံးခဲ့ကာ ၂၆၉ ဦးဒဏ်ရာရရှိခဲ့သည်ဟု Landmine and Cluster Munition Monitor အဖွဲ့ကဆိုသည်။ မြန်မာနိုင်ငံတွင် ၁၉၉၉ မှ ၂၀၁၉ ခုနှစ်ထိ မြေမြှုပ်မိုင်းကြောင့် အရပ်သား ၅၀၀၀ နီးပါး ထိခိုက်သေဆုံးခဲ့သည်ဟု ပြောဆိုလိုက်ပြီး စစ်ဘေးဒုက္ခသည်များ နေရပ်ပြန်နိုင်ရေးအတွက် မြေမြှုပ်မိုင်းက အဓိကအတားအဆီးဖြစ်နေကြောင်းနှင့် မိုင်းရှင်းလင်းရေးလုပ်ငန်းစဉ်များကို စံချိန်၊စံညွှန်းအတိုင်း လုပ်ဆောင်ရန်လည်း အဆိုပါအဖွဲ့က တောင်းဆိုလိုက်ပါသည်။

သတင်းနှင့်ရိုက်ကူး - အာကာစိုး/Myanmar Now

အာကာစိုးသည် Myanmar Nowသတင်းဌာန၏ ရုပ်သံသတင်းထောက်ဖြစ်သည်။