ကယားပြည်နယ် မော်ချီးသတ္တုတွင်းတွင် အလုပ်လုပ်ကြသည့်သူများသည် ဂန်းတုန်ခါမှုဒဏ်၊ မသန့်ရှင်းသည့်လေနှင့် ကျောက်မှုန့်များကို နေ့စဉ်ရှုရှိုက်ခဲ့ကြရသည့် ဒဏ်များကြောင့် အလုပ်သမားများ၏အဆုတ်သည် တဖြေးဖြေးထိခိုက်ပျက်စီးလာခဲ့ပြီး နောက်ဆုံးတွင် အသက်သေဆုံးသည်အထိ ဖြစ်လာခဲ့သည်။ ရောဂါရသေဆုံးနိုင်သည်ကို သိသော်လည်း မော်ချီးသတ္တုတွင်းအလုပ်သမားများသည် ဝင်ငွေကောင်းသဖြင့် ထိုလုပ်ငန်းခွင်မှ မရုန်းထွက်နိုင်သလို နောက်ထပ်အလုပ်သမားအသစ်များကိုလည်း မရဏလုပ်ငန်းခွင်ဟု ခေါ်ဆိုနိုင်သည့် သတ္တုတူးလုပ်ငန်းခွင်မှ ဆက်လက်ဆွဲဆောင်နေအုံးမည်ဖြစ်သည်။
သတင်းနှင့်ရိုက်ကူး - ကေဇွန်နွေး/Myanmar Now



