တရားခံမဖော်ထုတ်နိုင်သေးသည့် နာမည်ကျော်ဗစ်တိုးရီးယားအမှုတွင် သံသယတရားခံအဖြစ် အချုပ်သားဘဝဖြင့် ခြောက်လကြာ အမှုရင်ဆိုင်ခဲ့ရသည့် ကိုအောင်ကြီးသည် သူလွတ်မြောက်ပြီး တစ်နှစ်တိတိပြည့်သည့် ယနေ့ ဒီဇင်ဘာ ၁၈တွင် တရားလိုအဖြစ် တရားရုံးရှေ့မှောက်သို့ ပြန်ရောက်လာခဲ့သည်။ ငွေကျပ်သိန်းငါးထောင်ရလိုမှုဖြင့် ရဲတပ်ဖွဲ့ကို တရားစွဲဆိုလိုက်သည့် ကိုအောင်ကြီးက ငွေရလိုမှုတစ်ခုတည်းဖြင့် တရားစွဲခြင်းမဟုတ်ဘဲ သူနှင့်သူ့မိသားစု၏ နစ်နာမှုနှင့် ဂုဏ်သိက္ခာကို အဖတ်ဆယ်ရန် တရားရုံးပြန်လာခွင့်ရသည့်အပေါ် ဂုဏ်ယူကြောင်း Myanmar Now ကို ပြောသည်။

သတင်းနှင့်ရိုက်ကူး- မင်းမင်း/Myanmar Now