ကိုဗစ်နိုင်တင်းအတည်ပြုလူနာတွေထဲမှ ရောဂါမပြင်းထန်သည့်သူများနှင့် အခြားရောဂါအခံမရှိသည့်သူများကို နေအိမ်တွင် သီးခြားစောင့်ကြည့်ကုသနိုင်ရန်အတွက် ကျန်းမာရေးဝန်ကြီးဌာနမှ ပြင်ဆင်လျက်ရှိပြီး ရန်ကုန်တိုင်းအတွင်းရှိ မြို့နယ်အချို့တွင် စမ်းသပ်ဆောင်ရွက်သွားမည်ဖြစ်သည်။ လူနာအချို့ကို နေအိမ်တွင်ထားပြီး စောင့်ကြည့်မည့်အစီအစဉ်ကြောင့် နိုင်ငံတော်ဘဏ္ဌာငွေများ သက်သာသွားမည်ဖြစ်သလို လူနာများအနေဖြင့်လည်း စိတ်ပိုင်းရုပ်ပိုင်းဆိုင်ရာ ပိုမိုသက်တောင့်သက်သာရှိပြီး ကျန်းမာရေးဝန်ထမ်းများအတွက်လည်း အခြားလူနာများကို ပိုမိုဂရုစိုက်နိုင်မည့် အကျိုးကျေးဇူးများ ရလာနိုင်မည် ဖြစ်သည်။

သတင်းနှင့်ရိုက်ကူး - ဇေယျာမော်/Myanmar Now

ZYM သည် Myanmar Nowသတင်းဌာန၏ ရုပ်သံသတင်းထောက်ဖြစ်သည်။