မန္တလေးအပြည်ပြည်ဆိုင်ရာလေဆိပ်ကို ကိုဗစ်နိုင်တင်းထိန်းချုပ်ရေး စံသတ်မှတ်ချက်များနှင့်အညီ လေကြောင်းလိုင်းများ ပြန်လည်ဖွင့်လှစ်နိုင်ရေးအတွက် ပြင်ဆင်လျက်ရှိသည်။ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ပြည်တွင်းလေကြောင်းလိုင်းများကို ကိုဗစ်နိုင်တင်းရောဂါထိန်းချုပ်ရေး စံသတ်မှတ်ချက်များနှင့်အညီ ဒီဇင်ဘာ ၁၆ ရက်နေ့မှ စတင်ပြီး ပြန်လည်ပြေးဆွဲနိုင်ကြောင်း ကြေငြာထားပါသည်။
သတင်းနှင့်ရိုက်ကူး - ရန်မိုးနိုင်/Myanmar Now



