NLD ပါတီနှင့် တိုင်းရင်းသားပါတီများအကြား တွေ့ဆုံဆွေးနွေးမှုများကို လာမည့် ဇန်နဝါရီလအတွင်းတွင် ပြုလုပ်သွားမည်ဟု NLD ပါတီ ထိပ်ပိုင်းခေါင်းဆောင်တစ်ဦးဖြစ်သည့် မကွေးတိုင်းဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညိုမှ Myanmar Now ကို အတည်ပြုပြောဆိုလိုက်ပါသည်။ တိုင်းရင်းသားပါတီများနှင့် တွေ့ဆုံညှိနှိုင်းမည့် အလုပ်အဖွဲ့ကို NLD ပါတီမှ ဒီဇင်ဘာ ၁၂ ရက်နေ့တွင် ဖွဲ့စည်းခဲ့ပြီး မကွေးတိုင်းဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညို၊ ကရင်ပြည်နယ်ဝန်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့်နှင့် ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ဦးအင်ထုံးခါးနော်ဆမ်တို့က အလုပ်အဖွဲ့ကို ဦးဆောင်သွားမည်ဖြစ်သည်။

သတင်းနှင့်ရိုက်ကူး - ဇေယျာမော်/Myanmr Now

ZYM သည် Myanmar Nowသတင်းဌာန၏ ရုပ်သံသတင်းထောက်ဖြစ်သည်။