အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)အနေဖြင့် ၂၀၂၀ရွေးကောက်ပွဲတွင် ‘တရားမဲ့ပြုကျင့်မှု’ များအတွက် ကိုယ်စားလှယ်လောင်းကန့်ကွက်လွှာတင်ရန် အမှုငါးမှု ပြင်ဆင်ထားပြီး အဆိုပါ ငါးမှုစလုံးသည် အနိုင်ရထားသည့် ပြည်ခိုင်ဖြိုးပါတီကိုယ်စားလှယ်များသာ ကန့်ကွက်ရန်ဖြစ်သည်ဟု NLD ၏ ပြောရေးဆိုခွင့်ရှိသူက ပြောကြားလိုက်သည်။ ၂၀၁၅ရွေးကောက်ပွဲမှတ်တမ်းများအရ ပြည်ခိုင်ဖြိုးပါတီ၏ အနိုင်ရကိုယ်စားလှယ်များအပေါ် NLD ဘက်က ကန့်ကွက်သည့်အမှု ၇မှု ရှိခဲ့ပြီး ၂မှုကို NLD က အနိုင်ရခဲ့သည်။

သတင်းနှင့်ရိုက်ကူး- မင်းမင်း၊ ဉာဏ်လှိုင်လင်း/Myanmar Now