ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ် ဦးဂါရွာမှ အရပ်သားအမျိုးသမီးတစ်ဦးကို အဓမ္မပြုကျင့်ခဲ့သည့် တပ်မတော်သားသုံးဦးကို ဒီဇင်ဘာ ၁၁ ရက်နေ့ မနက်ပိုင်းက စစ်တွေတပ်နယ်အတွင်းတွင် ပြုလုပ်သည့် တပ်မတော်စစ်ခုံရုံးမှ အလုပ်ကြမ်းနှင့် ထောင်ဒဏ်အနှစ် ( ၂၀) စီ ချမှတ်လိုက်ပါသည်။ ၂၀၁၇ စက်တင်ဘာလက ရခိုင်ပြည်နယ် အင်းဒင်ကျေးရွာလူသတ်မှုဖြစ်စဉ်တွင် ကျူးလွန်သူတပ်မတော်များသည် ထောင်ဒဏ် ၁၀ နှစ်စီ အမိန့်ချမှတ်ခံရသော်လည်း ထောင်ထဲတွင် တစ်နှစ်ပြည့်အောင် မနေခဲ့ရဘဲ တပ်မတော်၏ လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် ပြန်လည်လွတ်မြောက်ခဲ့ပါသဖြင့် ယခုအမှုတွင်လည်း ပြစ်ဒဏ်စေ့အောင် မနေရဘဲ ထောင်မှ ပြန်လွှတ်လာမည်ကို ကျူးလွန်ခံရသူက စိုးရိမ်လျက်ရှိသည်။
သတင်းနှင့်ရိုက်ကူး - ဖဒူထွန်းအောင်၊ ဇေယျာမော်/Myanmar Now



