နိုင်ငံတော်အစိုးရအနေဖြင့် လွတ်လပ်စွာပြောဆိုဝေဖန်နေသူများကို တရားစွဲဆိုနေမှုများ ရှိနေဆဲဖြစ်သောကြောင့် မြန်မာနိုင်ငံ၏လူ့အခွင့်အရေးအခြေအနေသည် စိုးရိမ်ဖွယ်ရာအနေအထားတွင် ရှိနေသေးကြောင်း လူ့အခွင့်အရေးလှုပ်ရှားသူများက ဆိုပါသည်။ NLD အစိုးရလက်ထက်တွင် လူမှုဖူလုံရေးပိုင်းတွင် အရင်ကထက် များစွာတိုးတက်လာသော်လည်း နိုင်ငံရေးဆိုင်ရာအခွင့်အရေးတွင် စိုးရိမ်ဖွယ်ရာရှိနေသေးသလို နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအဖွဲ့ AAPP ၏စာရင်းများ အရ NLD အစိုးရလက်ထက်တွင် နိုင်ငံရေးလှုပ်ရှားမှုကြောင့် ပြစ်ဒဏ်ချမှတ်ခံရထားသည့် နိုင်ငံရေးအကျဉ်းသား ၃၅ ယောက်ရှိပြီး တရားစွဲဆိုခံထားရသူ ၆၀၀ နီးပါး ရှိနေပါသည်။

သတင်းနှင့်ရိုက်ကူး - အာကာစိုး/Myanmar Now

အာကာစိုးသည် Myanmar Nowသတင်းဌာန၏ ရုပ်သံသတင်းထောက်ဖြစ်သည်။