ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကို မသမာမှုများနှင့် တမင်လုပ်ကြံဖန်တီးမှုများရှိနေသည်ဟု စွပ်စွဲပြီး တရားစွဲရန် စိုင်းပြင်းနေသည့် အမျိုးသားဒီမိုကရက်တစ်ပါတီ(DNP)၏ဥက္ကဋ္ဌ ဦးစိုးမောင်သည် ရွေးကောက်ပွဲမတိုင်ခင်က ဘာသာရေးမှိုင်းတိုက်သည့် ဟောပြောမှုများဖြင့် မဲဆွယ်စည်းရုံးခဲ့ပါသည်။ “အမျိုးသားရေးနှင့် ပတ်သက်၍ သတ္တိနှင့် စွန့်လွှတ်စွန့်စားရန် ဆုံးဖြတ်ထားသူများ၏ပါတီ” ဟု ကြွေးကြော်ပြီး ၂၀၂၀ ရွေးကောက်ပွဲဝင်ပြိုင်ခဲ့သည့် ဦးစိုးမောင်၏ ပါတီသည် တစ်နိုင်ငံလုံးတွင် တစ်နေရာမျှ အနိုင်မရခဲ့ပါ။ ဘာသာရေးကို အလွဲသုံးစားပြု၍ မဲဆွယ်စည်းရုံးခြင်း မပြုလုပ်ရန် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ရွေးကောက်ပွဲဆိုင်ရာ ဥပဒေများတွင် တားမြစ်ထားပြီး ဖောက်ဖျက်လျှင် ပါတီဖျက်သိမ်းနိုင်သည်အထိ အရေးယူနိုင်သည်ဟု ပြဋ္ဌာန်းထားပါသည်။

သတင်းနှင့်ရိုက်ကူး - ဖြိုးထက်အောင်၊ ခင်မို့မို့လွင်/Myanmar Now

ခင်မို့မို့လွင်သည် Myanmar Now သတင်းဌာန၏ သတင်းထောက်ဖြစ်သည်။