မြန်မာနိုင်ငံအနေဖြင့် ကိုဗစ်နိုင်တင်း ရောဂါကာကွယ်ဆေးရရှိရန်အတွက် COVAX အစီအစဉ်မှ ကြိုးစားဆောင်ရွက်နေပြီး မြန်မာနိုင်ငံလူဦးရေ၏ ၂၀ ရာခိုင်နှုန်းကို အသုတ်လိုက် ရရှိမည်ဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူက ဆိုသည်။ အစိုးရအနေဖြင့် ကာကွယ်ဆေးကို ထပ်မံဝယ်ယူရန် လိုအပ်သည့်ငွေကို နိုင်ငံတော်ဘဏ္ဍာမှ ရရှိမည့်အပြင် ချေးငွေကူညီမည့် ကမ္ဘာ့ဘဏ်နှင့်လည်း အသေးစိတ်ဆွေးနွေး ချိတ်ဆက်လုပ်ဆောင်နေသလို ပြည်သူများအနေဖြင့် ကာကွယ်‌ဆေးရတော့မည်ဟုဆိုပြီး ပေါ့ပေါ့ဆဆ မနေကြရန် နိုင်ငံ‌တော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က တိုက်တွန်းထားပါသည်။

သတင်းနှင့်ရိုက်ကူး - ဇေယျာမော်/Myanmar Now

ZYM သည် Myanmar Nowသတင်းဌာန၏ ရုပ်သံသတင်းထောက်ဖြစ်သည်။