အလုပ်ရှင်အလုပ်သမား အငြင်းပွားမှုဖြေရှင်းရာတွင် ခုံသမာဓိကောင်စီအနေဖြင့် ဘက်လိုက်မှုတွေကြောင်း အလုပ်သမားများက စွပ်စွဲလိုက်ပြီး လက်ရှိခုံသမာဓိကောင်စီတာဝန်ရှိသူများ နှုတ်ထွက်ပေးရန်နှင့် အသစ်ပြန်လည်ဖွဲ့စည်းရန် ဒီဇင်ဘာ ၈ ရက်နေ့က ခုံသမာဓိကောင်စီရုံးရှေ့တွင် ဆန္ဒထုတ်ဖော်ခဲ့ကြသည်။ အလုပ်ရှင်အလုပ်သမားအငြင်းပွားမှုဖြေရှင်းရေးခုံသမာဓိကောင်စီသည် ပြည်ထောင်စုအဆင့်အဖွဲ့အစည်း ဖြစ်ပြီး အလုပ်ရှင်ကိုယ်စားလှယ်ငါးယောက်၊ အလုပ်သမားကိုယ်စားလှယ်ငါးယောက်နှင့် ဝန်ကြီးဌာန ကိုယ်စားပြုငါးယောက် စုစုပေါင်း ၁၅ ယောက်ပါဝင် ဖွဲ့စည်းထားခြင်းဖြစ်သည်။
သတင်းနှင့်ရိုက်ကူး - အာကာစိုး/Myanmar Now



