ကိုဗစ်နိုင်တင်းအတည်ပြုလူနာတစ်ဦး၏ကုသမှုစရိတ်သည် ရောဂါလက္ခဏာမပြင်းထန်ရင် အနည်းဆုံး (၁၅) သိန်းမှ သိန်း (၂၀) ကြားရှိနေပြီး ထိုစရိတ်ဟာ လူအယောက် ၃၀၀ ကို ကိုဗစ်ကာကွယ်ဆေး ထိုးပေးနိုင်သည်ဟု နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုလိုက်သည်။ ကိုဗစ်အလွန် စီးပွါးရေးပြန်လည်နလံထူနိုင်ရန်အတွက် ကမ္ဘာနှင့်ယှဉ်ပြိုင်ရမည်ဖြစ်သောကြောင့် လူအရင်းမြစ်၊ ငွေအရင်းမြစ်များကို မလိုအပ်ပဲဆုံးရှုံးမှုမရှိအောင် ပြည်သူများစည်းကမ်းလိုက်နာကျရန်လည်း ဆက်လက်ပြောဆိုခဲ့သည်။
သတင်းနှင့်ရိုက်ကူး - ဇေယျာမော်/Myanmar Now



