ပြည်သူများအိမ်ထဲမှာနေရင် လက်ရှိရောဂါဖြစ်ပွားမှုအခြေအနေကို (၂)ပတ်အတွင်း ထိန်းချုပ်နိုင်မည်ဟု ရန်ကုန်တိုင်းအစိုးရအဖွဲ့၊ လူမှုရေးဦးဝန်ကြီးဦးနိုင်ငံလင်းက ပြောကြားလိုက်ပြီး ညွန်ကြားချက်တွေကို လိုက်နာကြရန် မေတ္တာရပ်ခံလိုက်သည်။ သို့သော်လည်း အစိုးရအနေဖြင့် လက်ရှိအချိန်တွင် ညွန်ကြားချက်မလိုက်နာသူများကို စည်းကမ်းတကျဖြစ်အောင် အရေးယူရမည့်အချိန်ဖြစ်သည်ဟု ပြည်သူများက ပြောဆိုကြသည်။
သတင်းနှင့်ရိုက်ကူး - ဖြိုးထက်အောင်/Myanmar Now



