ကယားပြည်နယ် ဘောလခဲမြို့နယ် ကျေးရွာတရွာတွင် နိုဝင်ဘာလ ၁၉ ရက်နေ့က အသက် ၁၆ နှစ်အရွယ် ကယန်းတိုင်းရင်းသူ မိန်းကလေးတစ်ဦးကို ဖခင်အရင်းဖြစ်သူက အဓမ္မပြုကျင့်မှုဖြစ်ပွားခဲ့သည်။ ကျူးလွန်သူဖခင်ဖြစ်သူသည် မိသားစုနှင့်အတူနေထိုင်သူမဟုတ်ဘဲ တခါတရံမှသာ သားသမီးတွေဆီသို့ ပြန်လာတတ်ပြီး မိသားစုအတူနေထိုင်ခဲ့တာ တနှစ်ခန့်သာရှိသေးကြောင်း သိရသည်။ မုဒိန်းမှုကျူးလွန်သူ ဘော့စကိုကို ဘောလခဲခရိုင် ရွာသစ်နယ်မြေရဲစခန်းတွင် ဖမ်းဆီးထားပြီး နိုဝင်ဘာလ ၂၉ ရက်နေ့က မုဒိန်းမှုပုဒ်မ ၃၇၆ ဖြင့် အမှုဖွင့်ထားပါသည်။ အဖေအရင်းဖြစ်သော်လည်း အဓမ္မကျူးလွန်ခဲ့သောကြောင့် ပြစ်ဒဏ်ချမှတ်ခံရပြီး ပြန်လည်မလွတ်မြောက်စေချင်ဘူးဟု ကျူးလွန်ခံရသူ မိန်းကလေးက ပြောသည်။

သတင်းနှင့်ရိုက်ကူး - ကေဇွန်နွေး/Myanmar Now