နိုဝင်ဘာလ ၂၆ ရက်နေ့ နံနက်ပိုင်းက မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်မြို့နယ်နှင့် ပုသိမ်ကြီးမြို့နယ်စပ်ရှိ ဝါးနက်ကျေးရွာနှင့် ကျွဲနဖားကျေးရွာကြားက မြေနေရာကို တပ်ပိုင်မြေအဖြစ် အမှတ် ၁၂၁ ထောက်ပံ့ရေးနှင့်ပို့ဆောင်ရေး တပ်ရင်းမှ လူအင်အား ၂၀၀ကျော်ဖြင့် လာရောက်ပြီး ခြံစည်းရိုးခတ်ခဲ့သောကြောင့် တောင်သူများနှင့် ရုန်းရင်းဆန်ခတ် ဖြစ်ပွားခဲ့သည်။ ၂၀၁၉ခုနှစ် ဧပြီလ ၃၀ရက်နေ့က မြေယာအငြင်းပွားမှု စတင်ဖြစ်ပွားခဲ့ပြီး လက်ရှိအချိန်တွင် အမှုရင်ဆိုင်နေဆဲ ဖြစ်သလို လယ်မြေများကို အမှတ် ၁၂၁ တပ်ရင်းမှ နို့စားနွားမွေးမြူရေးစီမံကိန်းအဖြစ် ပြုလုပ်ရန် လာရောက်ခြံခတ် သိမ်းယူရာမှ ပဋိပက္ခ စတင်ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး လက်ရှိအချိန်အထိ ဒေသခံတောင်သူ ၁၀ဦးကို ပြင်ဦးလွင် မြို့နယ်တရားရုံး၌ တရားစွဲဆိုထားကြောင်း သိရပါသည်။
သတင်းနှင့်ရိုက်ကူး - ကျော်ဇေဝင်း၊ ခင်နှင်းဝေ/Myanmar Now





