ရွေးကောက်ပွဲတွင် ပြည်ခိုင်ဖြိုးပါတီကို မဲပေးရန် တပ်ထဲတွင် ဖိအားပေးခံရသည်ဟု လူမှုကွန်ရက် Facebook စာမျက်နှာတွင် ရေးသားခဲ့သည့် မသဉ္ဇာသန်းမင်းကို ရာဇသတ်ကြီးပုဒ်မ ၅၀၅(က)ဖြင့် စွဲချက်တင်ကြောင်း နိုဝင်ဘာ ၂၅ ရက်နေ့ ရုံးချိန်းတွင် ပခုက္ကူမြို့နယ်တရားရုံးမှ အမိန့်ချလိုက်သည်။ တရားခွင်ကို လာရောက်လေ့လာရာ တရားခံဘက်ကို ဖိအားပေးသည့် အနေအထားမျိုးတွေ့ရသည်ဟု ပခုက္ကူမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ ဥပဒအထောက်အကူပြုအဖွဲ့မှ တရားလွှတ်တော်ရှေ့နေ ဦးဝါဝင်းမောင်က ပြောဆိုလိုက်ကာ အမှုနဲ့ပတ်သက်ပြီး စစ်ဆေးနေဆဲဖြစ်သောကြောင့် တစ်စုံတရာ မှတ်ချက်မပေးလိုကြောင်း မသဉ္ဇာသန်းမင်းက တရားရုံးအပြန်တွင် ပြောဆိုခဲ့သည်။

သတင်းနှင့်ရိုက်ကူး - Myanmar Now

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.