ရခိုင်ပြည်နယ်အရေး ဆန္ဒပြခဲ့မှုကြောင့် ဖမ်းဆီးထိန်းသိမ်းခံထားရသည့် ကျာင်းသားများကို ပြန်လွှတ်ပေးရန်နှင့် တရားစွဲဆိုမှုများ ဆက်လက်မပြုလုပ်ရန် နိုင်ငံတကာ လူ့အခွင့်အရေးအဖွဲ့များ အပါအဝင် အရပ်ဖက်လူမှုအဖွဲ့အစည်း ၁၀ ဖွဲ့မှ နိုဝင်ဘာ ၂၃ရက်နေ့က အစိုးရကိုတောင်းဆိုလိုက်သည်။ လက်ရှိအချိန်ထိ မြန်မာနိုင်ငံတစ်ဝန်းရှိ အကျဉ်းထောင်များ နိုင်ငံရေးအကျဉ်းသား ၃၀ ကျော်ရှိပြီး ထက်ဝက်ခန့်သည် နိုင်ငံရေးတက်ကြွလှုပ်ရှားသူ ကျောင်းသားများ ဖြစ်ကြသည်။
သတင်းနှင့်ရိုက်ကူး - အာကာစိုး/Myanmar Now



