လာမည့်သီတင်းပတ်တွေအတွင်း COVID-19 ရောဂါ ကူးစက် ပျံ့နှံ့မှုများ နိုင်ငံအတွင်းမှာ တိုးလာမည့် အခြေအနေများရှိသော်လည်း ၎င်းရောဂါကို ထိန်းချုပ်နိုင်မည်ဟု ယုံကြည်ကြောင်း နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုခဲ့သည်။ နေ့စဉ် လူနာသစ် ဦးရေ ၁၂၀၀ ဝန်းကျင်ခန့် တိုးနေပြီး သေဆုံးသူလည်း နေ့စဉ် ၂၀ ကျော်ရှိနေကာ နိုဝင်ဘာ ၂၃ ရက်နေ့အထိ နောက်ဆုံးရရှိထားသည့် စာရင်းများအရ မြန်မာနိုင်ငံမှာ COVID 19 အတည်ပြုလူနာ ၈၀, ၅၀၅ ဦး ရှိနေပြီး သေဆုံးသူဦးရေပေါင်းဟာ ၁၇၆၅ ဦးရှိနေပါသည်။

သတင်းနှင့်ရိုက်ကူး - ဇေယျာမော်/Myanmar Now

ZYM သည် Myanmar Nowသတင်းဌာန၏ ရုပ်သံသတင်းထောက်ဖြစ်သည်။