ပြီးခဲ့သည့်အထွေထွေရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြသည့် ပြည်ထောင်စုကြံခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၏ မိတ္ထီလာမဲဆန္ဒနယ်မြေမှ ကိုယ်စားလှယ်လောင်းလေးဦးကို ရွေးကောက်ပွဲဥပဒေနှင့် အရေးယူပေးရန် မိတ္ထီလာမြို့ခံတစ်ယောက်မှ နိုဝင်ဘာ ၂၂ ရက်နေ့ ညပိုင်းက တိုင်ကြားထားသည်ဟု သိရသည်။ ပြည်ထောင်စုကြံခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ ကိုယ်စားလှယ်လောင်းများသည် ရွေးကောက်ပွဲအောင်နိုင်ရေးအတွက် အသုံးပြုခဲ့ကြသည့်ဆိုင်းဘုတ်တွင် မိတ္ထီလာမြို့အထင်ကရ ဖောင်တော်ဦးစေတီတော်ကို ထည့်သွင်းအသုံးပြုခဲ့ပြီး မဲဆွယ်စည်းရုံးရေးခရီးစဉ်များတွင် ပါတီဝန်းရံသူများမှ သာသနာ့အလံကို အသုံးပြုပြီး မဲဆွယ်ခဲ့သဖြင့် အမှုဖွင့်ရခြင်းဖြစ်သည်ဟု အမှုဖွင့်တိုင်ကြားသူက ဆိုသည်။

သတင်းနှင့်ရိုက်ကူး - ရန်မိုးနိုင်/Myanmar Now

ရန်မိုးနိုင်သည် Myanmar Now၏ မန္တလေးအခြေစိုက်သတင်းထောက်ဖြစ်သည်