လာမည့်အစိုးရသက်တမ်းတွင် ကယားပြည်နယ်ဝန်ကြီးချုပ်အသစ်ကို ပြည်နယ်အကြောင်းနားလည်ပြီး ဒေသခံတွေနှင့် ရင်းနှီးမှုရှိသူကို ရွေးချယ်စေချင်ပြီး ငြိမ်းချမ်းရေး၊ စီးပွါးရေး၊ ဒေသဖွံဖြိုးရေးများကို ပွင့်လင်းမြင်သာစွာ လုပ်ဆောင်နိုင်မည့်သူကို ကယားပြည်သူများက မျှော်လင့်နေကြသည်။ လာမည့်အစိုးရအသစ်လက်ထက် ကယားပြည်နယ်အစိုးရကို ဦးဆောင်မည့် ဝန်ကြီးချုပ်အနေဖြင့် ဖွံ့ဖြိုးမှုနောက်ကျပြီး ကုန်းတွင်းပိတ်ပြည်နယ်တခုဖြစ်သည့် ကယားပြည်နယ်အတွက် ဒေသဖွံ့ဖြိုးရေးတွေအပြင် ဗိုလ်ချုပ်ကြေးရုပ်ကိစ္စ ငြိမ်းချမ်းရေးကိစ္စများ ဆက်လက်ဖြေရှင်းပေးရဦးမည် ဖြစ်သည်။

သတင်းနှင့်ရိုက်ကူး - ကေဇွန်နွေး/Myanmar Now