ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံဆိပ်ကမ်း မြို့နယ် (၈၇ )ရပ်ကွက် မဂ္ဂင်လမ်းပေါ်က လိုတရ-ရွှေစံလှ မုန့်နှင့် ပေါက်စီ လုပ်ငန်းလုပ်သည့်အိမ်တွင် ကလေးများကို အိမ်ထဲပိတ်လှောင်ထားပြီး ရိုက်နှက်ကာ အတင်းအကျပ်အလုပ်ခိုင်းစေသည်ဟု သတင်းထွက်ပေါ်ခဲ့သဖြင့် ၎င်းအိမ်ရှေ့ကို ရပ်ကွက်နေပြည်သူများ လာရောက်ခဲ့မှုကြောင့် လူစုလူဝေးဖြစ်ပေါ်ခဲ့သည်။ မုန့်လုပ်ငန်းကို ကြီးကြပ်သည့် အသက် ၃၀ အရွယ် အမျိုးသားတဦး၏ နှိပ်စက်သည့်ဒဏ်ကို မခံနိုင်သည့်အတွက် နေအိမ်မှထွက်ပြေးခဲ့သည့် မောင်ကျော်လင်းထွေး၏ထုတ်ဖော်မှုကြောင့် အမှုဖြစ်စဉ်ကို ရဲတပ်ဖွဲ့မှ သိရှိခဲ့ခြင်းဖြစ်သည်။

သတင်းနှင့်ရိုက်ကူး - ဇေယျာမော်/Myanmar Now

ZYM သည် Myanmar Nowသတင်းဌာန၏ ရုပ်သံသတင်းထောက်ဖြစ်သည်။