ပြီးခဲ့သည့် ၂၀၂၀ ရွေးကောက်ပွဲမဲရလဒ်များနှင့် ပတ်သတ်ပြီး ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကို ကန့်ကွက်ကြောင်းဆန္ဒပြပွဲကို အင်းစိန်မြို့နယ် ဘောလုံးကွင်းတွင် နိုဝင်ဘာ(၂၀)ရက်နေ့ မနက်ပိုင်းက ပြည်ခိုင်ဖြိုးပါတီ ဝန်းရံသူများမှ ထပ်မံပြုလုပ်ခဲ့ကြသည်။ ဆန္ဒပြသူများသည် ရွေးကောက်ပွဲကော်မရှင်အား မကျေနပ်သောကြောင့် ကိုယ့်စားရိတ်ကိုယ်စားပြီး ဆန္ဒပြပွဲကို လိုက်ပါခဲ့ကြသည်ဟုဆိုသော်လည်း ဆန္ဒပြပွဲတွင် ပါဝင်သူတစ်ဦးက ဆန္ဒပြသူများသည် ဆန္ဒပြပွဲပြီးနောက် မင်္ဂလာဒုံမြို့နယ် ပြည်ခိုင်ဖြိုးရုံးသို့ ဝင်ခဲ့ပြီး ငွေအပေးအယူပြုလုပ်သည်ကို မြင်တွေ့ခဲ့သည်ဟု Myanmar Now ကို ပြောကြားခဲ့သည်။

သတင်းနှင့်ရိုက်ကူး - ဖြိုးထက်အောင်၊ ဖြိုးသီဟချို/Myanmar Now