လှည်းကူးမြို့နယ်အတွင်းက ဗောဓိအေးငြိမ်း ဘုန်းကြီးကျောင်းတွင် ဖွင့်လှစ်ထားသည့် Quarantine Centre သည် လှည်းကူးမြို့နယ် ကိုဗစ်ကော်မတီမှ ဖွင့်လှစ်ထားခြင်းဖြစ်ပြီး အနံ့ပျောက်တဲ့သူများကို ထားရှိကာ သက်ဆိုင်ရာ ကျန်းမာရေးဌာနနှင့် ပူးပေါင်းပြီး ရောဂါပိုးရှိမရှိ စစ်ဆေးပေးမှုများပြုလုပ်ပေးလျက်ရှိသည်။ ၎င်းစင်တာတွင် အများဆုံး စောင့်ကြည့်လူနာ ၃၀ အထိ လက်ခံနိုင်ပြီး စဖွင့်ခဲ့သည့် အချိန်မှ ယနေ့အထိ ဖွင့်လှစ်ချိန် တစ်လခွဲကျော်အတွင်း လှည်းကူးမြို့နယ်အတွင်းမှ အနံ့ပျောက်သူ လူပေါင်း ၂၃၀ ကျော်အား စောင့်ကြည့်ပေးနိုင်ခဲ့သည်။

သတင်းနှင့်ရိုက်ကူး - ဇေယျာမော်/Myanmar Now

ZYM သည် Myanmar Nowသတင်းဌာန၏ ရုပ်သံသတင်းထောက်ဖြစ်သည်။