၂၀၂၀ အထွေထွေရွေးကောက်ပွဲတွင် အမျိုးသားရေးကြွေးကြော်ခဲ့သည့် ပုဂ္ဂိုလ်အများအပြား ရွေးကောက်ပွဲ ဝင်ခဲ့ကြရာ ပါတီအသီးသီးမှ အမျိုးသားရေးသမား ၂၀၀ ကျော် ရွေးကောက်ပွဲတွင် မရှုမလှရှံးနိမ့်ခဲ့ကြသည်။ မတူကွဲပြားခြင်းနှင့် ငြိမ်းချမ်းရေးပါတီ၊ အမျိုးသားတိုးတက်မြင့်မားရေးပါတီ၊ အမျိုးသားဒီမိုကရေစီ အင်အားစုပါတီ၊ အမျိုးသားနိုင်ငံရေးဒီမိုကရက်တစ်ပါတီ၊ ပြည်သူ့ရှေ့ဆောင်ပါတီ ၊ တိုင်းရင်းသားစည်းလုံးညီညွှတ်ရေးပါတီ၊ အခြေခံလူတန်းစားဘဝမြင့်မားရေးပါတီ၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီတို့မှ ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည့် အမျိုးသားရေးသမား ၂၃၁ ဦးရှိခဲ့ပြီး အားလုံးရှုံးနိမ့်ခဲ့ခြင်းဖြစ်သည်။

သတင်းနှင့်ရိုက်ကူး - ဖြိုးထက်အောင်၊ ခင်မို့မို့လွင်/Myanmar Now

ခင်မို့မို့လွင်သည် Myanmar Now သတင်းဌာန၏ သတင်းထောက်ဖြစ်သည်။