၂၀၂၀ ပါတီစုံအထွေထွေရွေးကောက်ပွဲတွင် ကယားပြည်နယ်၌ လွှတ်တော်သုံးရပ်စလုံးအတွက် မဲဆန္ဒနယ် ၃၄ နေရာရှိပြီး NLD ပါတီမှ နေရာ ၂၀ အနိုင်ရရှိကာ ကယားပြည်နယ်ဒီမိုကရက်တစ်ပါတီမှာ ၈ နေရာ အနိုင်ရရှိခဲ့သည်။ NLD ပါတီအနေဖြင့် တနိုင်ငံလုံးအတိုင်းအတာဖြင့် အစိုးရဖွဲ့နိုင်လောက်သည့် ပမာဏကိုကျော်လွန်ပြီး အနိုင်ရရှိသော်လည်း အမျိုးသားညီညွတ်ရေးအစိုးရဖွဲ့စည်းရန် တိုင်းရင်းသားများကို ဖိတ်ခေါ်လိုက်သလို ကယားပြည်သူလူထုအတွက်လည်း ပူးပေါင်းဆောင်ရွက်ရန် လိုအပ်နေပြီဟု ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာခင်စည်သူက ပြောဆိုလိုက်သည်။

သတင်းနှင့်ရိုက်ကူး - ကေဇွန်နွေး/Myanmar Now