နိုဝင်ဘာ ၈ ရက်က ကျင်းပပြီးစီးခဲ့သည့် ၂၀၂၀ ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲတွင် ရှမ်းပြည်နယ်အတွင်းက အမျိုးသမီးကိုယ်စားလှယ်လောင်း အများဆုံးဝင်ရောက်ယှဉ်ပြိုင်ကြပြီး ၂၀ ရာခိုင်နှုန်းကျော်ရှိပါသည်။ ရှမ်းပြည်နယ်မြောက်ပိုင်းတွင် ရှမ်းတိုင်းသားများဒီမိုကရေစီအဖွဲ့ချုပ်ပါတီက လားရှိုး၊ နမ္မတူ၊ သန္တွီ၊ သီပေါ၊ ကျောက်မဲနှင့် မူဆယ်မြို့များ၌ နေအနိုင်ရအမျိုးသမီး လွှတ်တော်ကိုယ်စားလှယ်လောင်း ၇ ဦး အမျိုသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီမှ လားရှိုးမြို့ကိုယ်စားပြု့ အမျိုးသမီးတစ်ဦးနှင့် တအာင်း(ပလောင်) အမျိုးသားပါတီမှ နမ့်ခမ်းမြို့အတွက် ပြည်နယ်လွှတ်ကိုယ်စားလှယ်လောင်း အမျိုးသမီးတစ်ဦး စုစုပေါင်း ၉ ဦး အနိုင်ရရှိခဲ့ပါသည်။ (မှတ်ချက်- ရွေးကောက်ပွဲနောက်ဆုံးရလဒ်များ မထွက်ရှိသေးပါ။
(မဲရလဒ်များနှင့် ပတ်သက်၍ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ အဆုံးအဖြတ်သာ အတည်ဖြစ်သည်။ www.uec.gov.mm)
သတင်းနှင့်ရိုက်ကူး - မြတ်မိုးသူ/Myanmar Now




