၂၀၂၀ ရွေးကောက်ပွဲတွင် ပြည်ထောင်စုလွှတ်တော် ရွေးကောက်ခံကိုယ်စားလှယ်နေရာ စုစုပေါင်းရဲ့ ၈၀ ရာခိုင်နှုန်းကျော် အနိုင်ရထားသည့် လက်ရှိအာဏာရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီသည် လုပ်ပိုင်ခွင့်နေရာ အားလုံးမယူဘဲ အမျိုးသားညီညွတ်ရေးအစိုးရဖွဲ့စည်းဖို့ ရည်မှန်းထားသည်ဟု ပါတီထိပ်ပိုင်းခေါင်းဆောင်ကဆိုသည်။ နိုင်ဝင်ဘာလ ၁၂ ရက်နေ့ ညနေပိုင်းတွင် "နောင်အနာဂတ်မြန်မာနိုင်ငံအတွက် ရှေးရှုရမည့် ပြည်ထောင်စုအရေးကိစ္စ" ဆိုသည့် ခေါင်းစဉ်ဖြင့် ကြေငြာချက်တစောင်ထုတ်ပြန်ခဲ့ပြီး အနာဂတ်ဖက်ဒရယ်ပြည်ထောင်စုအတွက် တိုင်းရင်းသားပါတီများကို ဖိတ်ခေါ်လိုက်သည်။

သတင်းနှင့်ရိုက်ကူး - ဇေယျာမော်၊ ဟေမာန်ပြည့်/Myanmar Now

ZYM သည် Myanmar Nowသတင်းဌာန၏ ရုပ်သံသတင်းထောက်ဖြစ်သည်။