ရွေးကောက်ပွဲအပြီး (၂)ရက်အကြာ နိုဝင်ဘာလ ၁၀ ရက်နေ့တွင် ဧရာဝတီတိုင်း၊ ကန်ကြီးဒေါင့်မြို့နယ်၊ တကုန်းကြီးကျေးရွာက NLD ပါတီဝင် ကိုအောင်ဇင်ဖြိုး ရွေးကောက်ပွဲ ‌အောင်ပွဲခံနေစဉ် အသတ်ခံလိုက်ရသည်။ ရွေးကောက်ပွဲတွင် NLD ပါတီအနိုင်ရရှိသည့်အတွက် အောင်ပွဲခံ အလှူလုပ်နေချိန်တွင် တစ်ရွာတည်းနေသူက ထမင်းလာစားပြီးနောက် လည်ပင်းဖက်ခေါ်သွားပြီး နေအိမ်နှင့် ပေငါးဆယ်ခန့်အကွာတွင် အတူပါလာသည့် အမျိုးသားနှစ်ဦးနှင့်အတူ ကျောက်ခဲဖြင့် ဝိုင်းထုရိုက်နှက်ခဲ့သည်ဟု အသတ်ခံရသူ၏ ဇနီးကဆိုသည်။

သတင်းနှင့်ရိုက်ကူး - ဇော်ရဲသွေး၊ ဖြိုးထက်အောင်/Myanmar Now