ပြီးခဲ့သည့် သုံးရက်က ကျင်းပခဲ့သည့် ရွေးကောက်ပွဲရလဒ်နှင့် ကော်မရှင်ကို အယုံအကြည်မရှိဟုဆိုကာ နေပြည်တော်ရှိ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရုံးရှေ့တွင် ပြည်ခိုင်ဖြိုးပါတီနှင့် နှင်းဆီပါတီထောက်ခံသူ ၅၀ဦးခန့်က ယနေ့မွန်းလွဲပိုင်းက ဆန္ဒလာပြကြသည်။ ဆန္ဒပြသူများက တရားမျှတမှုမရှိသော ရွေးကောက်ပွဲကို လုံးဝအယုံအကြည်မရှိကြောင်း၊ အမျိုးဘာသာသာသနာကို ဖျက်ဆီးသည့် အစိုးရအလိုမရှိကြောင်းနှင့် အခြေခံဥပဒေကိုကာကွယ်ရေး စသည့်ဆိုင်းဘုတ်များကို ကိုင်ဆောင်ကာ ဆန္ဒပြခဲ့ကြပြီး ဆန္ဒပြပြီး ၁၅မိနစ်ခန့်အကြာတွင် ရဲတပ်ဖွဲ့က လာရောက်၍ ဥပဒေနှင့်အညီ ဆန္ဒပြကြရန်ပြောဆိုကာ ဆန္ဒပြသူများကို ပြန်လွတ်လိုက်သည်။ ပြည်ထောင်စုရွေးကောက်ပွဲကောမရှင်ကမူ ရွေးကောက်ပွဲတရားမျှတမှုမရှိဟုဆိုခြင်းမှာ လူနည်းစု၏ သဘောထားသာဖြစ်သည်ဟု တုံ့ပြန်သည်။

(သတင်းနှင့်ရိုက်ကူး- မင်းမင်း/Myanmar Now)