မိတ္ထီလာမြို့သည် ပြီးခဲ့သည့် ၂၀၁၅ အထွေထွေရွေးကောက်ပွဲရလဒ်အရ အစိမ်းရောင်နယ်မြေဖြစ်ခဲ့သော်လည်း ယခု ၂၀၂၀ ရွေးကောက်ပွဲတွင် တစ်ခရိုင်လုံး အနီရောင်နယ်မြေအဖြစ် ပြောင်းလဲခဲ့သည်။ မိတ္ထီလာမြို့၊ ပြည်သူ့လွှတ်တော် မဲဆန္ဒနယ်မြေအတွက် NLD မှ ဒေါက်တာဆင့်စိုးက ပြည်ခိုင်ဖြိုးပါတီမှ ဒေါက်တာမောင်သင်းကို မဲအရေအတွက် တစ်သောင်းကျော်ပိုရပြီး အနိုင်ရရှိခဲ့သည်။ မိတ္ထီလာမြို့၏ အခြေအနေ၊ မဲဆန္ဒရှင်များ၏အခြေအနေ၊ ရွေးကောက်ပွဲကာလအခြေအနေများနှင့် လာမည့်လွှတ်တော်အတွက် ဘယ်လိုဆောင်ရွက်သွားမလဲ စသည့်အခြေအနေများနှင့် ပတ်သက်ပြီး ဒေါက်တာဆင့်စိုးအား Myanmar Now က တွေ့ဆုံမေးမြန်းထားပါသည်။

(မှတ်ချက်- ရွေးကောက်ပွဲနောက်ဆုံးရလဒ်များ မထွက်ရှိသေးပါ။ မဲရလဒ်များနှင့် ပတ်သက်၍ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ အဆုံးအဖြတ်သာ အတည်ဖြစ်သည်။ www.uec.gov.mm)

သတင်းနှင့်ရိုက်ကူး - ရန်မိုးနိုင်/Myanmar Now

ရန်မိုးနိုင်သည် Myanmar Now၏ မန္တလေးအခြေစိုက်သတင်းထောက်ဖြစ်သည်