ရန်ကုန်တိုင်းဒေသကြီး မြောက်ပိုင်းခရိုင် လှည်းကူးမြို့နယ်တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ(NLD) က ပြည်ခိုင်ဖြိုးပါတီကို မဲအပြတ်အသတ်ဖြင့် အနိုင်ရရှိခဲ့သည်။ ပြည်သူ့လွှတ်တော်နေရာတွင် NLD ပါတီမှ ဦးသိန်းတန်က ခိုင်လုံမဲ ၁၀၈၀၂၄ မဲ ရရှိခဲ့ပြီး ပြည်ခိုင်ဖြိုးပါတီမှ ဦးခင်မောင်စိုးက ၅၈၀၃၆ မဲ ရရှိခဲ့သောကြောင့် ဦးသိန်းတန်က မဲအရေအတွက် ၄၉၉၈၈ မဲအသာဖြင့် အနိုင်ရရှိခဲ့ပါသည်။

(မှတ်ချက်- ရွေးကောက်ပွဲနောက်ဆုံးရလဒ်များ မထွက်ရှိသေးပါ။ မဲရလဒ်များနှင့် ပတ်သက်၍ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ အဆုံးအဖြတ်သာ အတည်ဖြစ်သည်။ www.uec.gov.mm)

သတင်းနှင့်ရိုက်ကူး - ဇေယျာမော်/Myanmar Now

ZYM သည် Myanmar Nowသတင်းဌာန၏ ရုပ်သံသတင်းထောက်ဖြစ်သည်။