ပြီးခဲ့သည့် ၂၀၁၅ ရွေးကောက်ပွဲတွင် ပြည်ခိုင်ဖြိုးပါတီ အနိုင်ရခဲ့သည့် မိတ္ထီလာလွင်ပြင် မဲဆန္ဒနယ်မြေများတွင် လက်ရှိရွေးကောက်ပွဲ၌ NLD ပါတီမှ နေရာအားလုံး အနိုင်ရရှိခဲ့သည်။ မိတ္ထီလာမြို့သည့် ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးမှုကာလအတွင်း ပြဿနာအများဆုံးဖြစ်ပွားသည့် နယ်မြေဖြစ်ခဲ့သော် ယခုရွေးကောက်ပွဲတွင် ဆန္ဒမဲပေးသူ ပိုများလာကြောင်း ရွေးကောက်ပွဲကော်မရှင်ထံမှ သိရပါသည်။
(မှတ်ချက်- ရွေးကောက်ပွဲနောက်ဆုံးရလဒ်များ မထွက်ရှိသေးပါ။ မဲရလဒ်များနှင့် ပတ်သက်၍ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ အဆုံးအဖြတ်သာ အတည်ဖြစ်သည်။ www.uec.gov.mm)
သတင်းနှင့်ရိုက်ကူး - ရန်မိုးနိုင်/Myanmar Now




