နိုဝင်ဘာလ ၈ ရက်နေ့ ည (၉)နာရီအထိ မဲရေတွက်မှုများအရ ဆိပ်ကြီးခနောင်တိုမြို့နယ်တွင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်နေရာအတွက် NLD ပါတီမှ ဦးတင်ထွန်းနိုင်သည် ပြည်ခိုင်ဖြိုးပါတီက ဦးခင်ရီထက် မဲရုံအများစုတွင် အသာစီးရနေသည်။ ဆိပ်ကြီးခနောင်တိုမြို့နယ်တွင် မဲရုံ ၃၅ ရုံရှိ မဲရုံပြီး မဲရုံ၂၀ ကျော်တွင် NLD ပါတီမှ ဦးတင်ထွန်းနိုင်က ဦးခင်ရီကို မဲပြတ်နိုင်နေကြောင်း ဆိပ်ကြီးခနောင်တိုမြို့နယ် NLD တာဝန်ခံက ဆိုပါသည်။

(မှတ်ချက်- ရွေးကောက်ပွဲနောက်ဆုံးရလဒ်များ မထွက်ရှိသေးပါ။ မဲရလဒ်များနှင့် ပတ်သက်၍ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ အဆုံးအဖြတ်သာ အတည်ဖြစ်သည်။ www.uec.gov.mm)

သတင်းနှင့်ရိုက်ကူး - ဖြိုးထက်အောင်၊ ခင်မို့မို့လွင်/Myanmar Now

ခင်မို့မို့လွင်သည် Myanmar Now သတင်းဌာန၏ သတင်းထောက်ဖြစ်သည်။