နိုဝင်ဘာလ ၈ ရက်နေ့ည ၈ နာရီအထိ မဲရေတွက်မှုများအရ ပန်းဘဲတန်းမြို့နယ်တွင် NLD ပါတီမှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း ကိုစည်သူမောင်မှ အသာစီးရလျက်ရှိသည်။ ပန်းဘဲတန်းပြည်သူလွှတ်တော်ကိုယ်စားလှယ်အတွက် ပြည်ခိုင်ဖြိုးပါတီမှ ဦးမြင့်ခိုင်၊ ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီမှ ဦးအာကာကျော် နှင့် လူ့ဘောင်သစ်ပါတီမှာ မအိသဉ္ဇာမောင်တို့လည်း ဝင်ရောက်ယှဉ်ပြိုင်ကြသည်။

(မှတ်ချက်- ရွေးကောက်ပွဲနောက်ဆုံးရလဒ်များ မထွက်ရှိသေးပါ။ မဲရလဒ်များနှင့် ပတ်သက်၍ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ အဆုံးအဖြတ်သာ အတည်ဖြစ်သည်။ www.uec.gov.mm)

သတင်းနှင့်ရိုက်ကူး - အာကာစိုး/Myanmar Now

အာကာစိုးသည် Myanmar Nowသတင်းဌာန၏ ရုပ်သံသတင်းထောက်ဖြစ်သည်။