နိုဝင်ဘာလ ၈ ရက်နေ့ မနက် ၆ နာရီမှစတင်ပြီး ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြိုတွင် ပြည်သူများ ဆန္ဒမဲပေးနေကြပြီဖြစ်သည်။ လားရိူးမြို့တွင် နိုင်ငံရေးပါတီ ၁၀ ပါတီမှ ကိုယ်စားလှယ်လောင်း ၃၄ ဦးဝင်ရောက်ယှဥ်ပြိုင်ကြပြီး သက်ကြီးရွယ်အိုနှင့် တပ်မတော်သားအပါအဝင်ကြိုတင်ဆန္ဒမဲပေးပြီးသူ ၄ သောင်းကျော်ရှိသည်။
သတင်းနှင့်ရိုက်ကူး - မြတ်မိုးသူ/Myanmar Now




