ရွေးကောက်ပွဲကော်မရှင်မှ မဲဆွယ်ခွင့်မပြုတော့သည့် silent day ဟုသတ်မှတ်ထားသော နိုဝင်ဘာလ ၇ ရက်နေ့တွင် ဆိပ်ကြီးခနောင်တိုမြို့၌ အမျိုးသားရေးသမားအချို့က အမျိုး၊ဘာသာ၊ သာသနာကို‌စောင့်ရှောက်သူကို မဲပေးရန် လှုံ့ဆော်စည်းရုံးမှုကြောင့် ဒေသခံများနှင့် ရုန်းရင်းဆန်ခတ်ဖြစ်ပွားခဲ့သည်။ ပြည်ခိုင်ဖြိုးပါတီ ဒုဥက္ကဋ္ဌ ဦးခင်ရီသည် ပြည်သူ့လွှတ်တော်အတွက် ဆိပ်ကြီးခနောင်တိုမဲဆန္ဒနယ်မှ ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်သည်။

သတင်းနှင့်ရိုက်ကူး - ဖြိုးထက်အောင်၊ ခင်မို့မို့လွင်/Myanmar Now

ခင်မို့မို့လွင်သည် Myanmar Now သတင်းဌာန၏ သတင်းထောက်ဖြစ်သည်။